Monday, April 27, 2015

*Facebook Account လော့ခ်ကျခြင်းအကြောင်းများထဲက တစ်ခု*

*Facebook Lockကျခြင်းအကြောင်းများစွာထဲက တစ်ခု*

ပြသနာကိုအဖြေရှာကြည့်တဲ့အခါ
ဒီလိုပို့စ်တွေ Groupကိုတင်တယ်ဆိုတာဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စပါ(တမင်ရည်ရွယ်ပြီးတင်သူတွေတော့ မပါဘူးပေါ့နော်)
ယောက်ျားလေး သဘာဝ ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ဒီလိုLinkကိုသွားနှိပ်မိရာကနေ Fake Linkရဲ့ခေါ်ဆောင်ရာကို လိုက်သွားမိတယ်။
နောက်တော့ Serverကလား ကိုယ်သုံးသွားတဲ့ Apkတွေကလား အမည်မတပ်နိုင်ဘဲ Virusကိုက်တာခံရပြီး ကိုယ်ဝင်ထားတဲ့ Groupတွေမှာ Automatic ပို့စ်တွေ သွားတင်ပါတော့တယ်။
ကာယကံရှင် ကိုယ်တိုင်ဘာမှ မသိရှာပါဘူး။
ဆိုတာ့ Groupက ညီအကိုတို့ကလည်း အမနာပ sex postပိုင်ရှင်ကို ဝိုင်းပြီး Reportထုပါတော့တယ်။
လော့ခ်ကျပြီပေါ့ ခင်ဗျာ။
တကယ့်တကယ် အဆိုပါလင့်ခ်တွေတွေ့တိုင်း လျှောက်မဝင်မိဖို့သာ အရေးကြီးဆုံးပါ။
မတတ်သာတဲ့အဆုံး ပင်မ Websiteကိုသာသွားကြည့်ဖို့သင့်ပါတယ်။
ဥပမာ ဒီပုံထဲကလိုဆို http://kakwwoo23.blogspot.com ပေါ့ဗျာ
လုံးဝပေါ်မလာဘူး ဒါမှမဟုတ် ကိုယ်ကြည့်လိုတဲ့ Postကိုမှ မတွေ့ဘူးဆိုရင် အဲဒါ Virusဝင်ဖို့မျာစတာမို့ လုံးဝကို သွားမနှိပ်သင့်ပါဘူး။
စေတနာပါ။

  အားလုံး အဆင်ပြေကြပါစေဗျာ။

ငှက်ကလေး

1 comment:

  1. ယောက်ျားလေး တွေက ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး Link နှိပ်ရင်
    မိန်းကလေးတွေ ကျတော့ပေါ်တင် နှိပ်တာပေါ့ Link ကို :3

    ReplyDelete

Blogရေးသားသူအကြောင်း